ကောင်မလေးရေ …
ငါ့ကို…..မစွန့်ပါနဲ့ အုံး..
ငါ့အိပ်မက်ခြံဝင်း ကိုသာခဏ လာခဲ့ ပါ
အဲ့ဒီမှာ … မင်းအတွက်
နူးညံ့ရွန်းဝေနေတဲ့  အနမ်းတွေ ရှိတယ်
မြတ်နိုးခြင်းများနဲ့  နွေးထွေးမှုတွေ ရှိတယ်
မင်းအပြုံးလေးကို မော်ဖူးဖို့  ငါ့အိပ်မက်တွေ ရှိတယ်
မင်းမျက်ဝန်းရဲ့ အရိပ်ကို ထာဝရ သိမ်းထားမယ့် ငါ့ နှလုံးသားရှိတယ်
မင်း ရီသံလေးကို တေးသီမယ့်  အချစ်ငှက်လေးတွေ ရှိတယ်
မင်းရဲ့ ဖြစ်ချင်တာမှန်သမျှ လုပ်ပေးဖို့ …….
ငါ့သွေးသားနဲ့ ဖွဲ့ စည်းထားတဲ့  ခွန်အားတွေ ရှိတယ်
ဒါပေမယ့် ….. မင်း ငါ့ကို နားလည်ရင် မန်ယူအသင်းကို
ငါ့လိုပဲ မြတ်နိုးစေချင်တယ်
ကောင်မလေးရေ……………………….
ငါ့ကို …… မစွန့်ပါနဲ့ အုံး….
ငါ့အိပ်မက်ခြံဝင်းကိုသာ အရင် လာခဲ့ ပါ……………..
MTN :D