ပွင့်ခွင့်မရခဲ့တဲ့ . . .
မင်းသင်ခဲ့တဲ့ကျောင်းပဲလေ . . .
(၆) နှစ်ဆိုတဲ့ . . .
ဝီရိယရာခိုင်နှုန်း ပြည့်တာတောင်
မင်း . . .ဖြေခွင့်မပေးခဲ့ဘူး...
ဒီလိုနဲ့ပဲ . . .
အရက်ကြောင့် . .အသဲက နာလာသလို
ဆေးလိပ်ကြောင့် . .အဆုတ်ကပြာလာတယ်
နုဆတ်ဆတ်နှလုံးသားကလည်း
outdate(ခေတ်ဆွေး) အလွမ်းတွေကြား
နှင်းဆီရနံ့တွေနဲ့ မူးလို့  . .
နှင်းဆီဆူးတွေကလည်း...
အင်း........
စူးလို့ ကောင်းတုန်းပေါ့ . . .
မင်းသော်နီ(မုဒုံ)
ကောင်မလေးရေ …
                             ငါ့ကို…..မစွန့်ပါနဲ့ အုံး..
                             ငါ့အိပ်မက်ခြံဝင်း ကိုသာခဏ လာခဲ့ ပါ
                             အဲ့ဒီမှာ … မင်းအတွက်
                             နူးညံ့ရွန်းဝေနေတဲ့  အနမ်းတွေ ရှိတယ်
                             မြတ်နိုးခြင်းများနဲ့  နွေးထွေးမှုတွေ ရှိတယ်
                             မင်းအပြုံးလေးကို မော်ဖူးဖို့  ငါ့အိပ်မက်တွေ ရှိတယ်
                             မင်းမျက်ဝန်းရဲ့ အရိပ်ကို ထာဝရ သိမ်းထားမယ့် ငါ့ နှလုံးသားရှိတယ်
                             မင်း ရီသံလေးကို တေးသီမယ့်  အချစ်ငှက်လေးတွေ ရှိတယ်
                             မင်းရဲ့ ဖြစ်ချင်တာမှန်သမျှ လုပ်ပေးဖို့ …….
                             ငါ့သွေးသားနဲ့ ဖွဲ့ စည်းထားတဲ့  ခွန်အားတွေ ရှိတယ်
                             ဒါပေမယ့် ….. မင်း ငါ့ကို နားလည်ရင် မန်ယူအသင်းကို
                             ငါ့လိုပဲ မြတ်နိုးစေချင်တယ်
                             ကောင်မလေးရေ……………………….
                             ငါ့ကို …… မစွန့်ပါနဲ့ အုံး….
                                                    ငါ့အိပ်မက်ခြံဝင်းကိုသာ အရင် လာခဲ့ ပါ……………..
                       MTN  :D
ဆန္ဒနှင့် ခဏတာတွေ့ဆုံခြင်း
 ဖြစ်ချင်ရာ မဖြစ်တဲ့ ဘ၀မှာ
 ဖြစ်ချင်သလို ဖြစ်ပါစေတော့လို့
 ဖြစ်သမျှအကြောင်း အကောင်းတွေးပြီး
 ဖြစ်သလိုသာ နေလိုက်သော်လည်း......
 ဖြစ်လေရာ ဘ၀ရဲ့ 
 ဖြစ်လေရာ နေရာတိုင်းမှာ
 ဖြစ်လိုရာ ဖြစ်နိုင်ပါစေလို့ 
 ဖြစ်သလို ဆုတောင်းရင်း.........
နွေဦးကာလ ဖုန်ထသောအခါ
မင်းသော်နီ(မုဒုံ)
ဥပမာ
မပျိုခင်ကတည်းကကို
အို... ချင်နေတာပါ နှမရယ်
မင်္ဂလာဦး... အခါတော်အကြူးမှာ
ချစ်ရည်သွန်းသွန်း
 ရွှန်းရွှန်းလဲ့ဖြာ
သမင်ကို ကျားလိုက်ပါတဲ့
အိုဘယ့်..ဥပမာ
မင်းသော်နီ(မုဒုံ)
ဝါသနာမို့ ပါ.....ချစ်သူ
မင်းအကြည့်တစ်ချက်နဲ့ တင်
နှလုံးသားတစ်ခုလုံး
ဆွဲဆုတ်ခံလိုက်ရတဲ့ ငါ.......
ဦးနှောက်ရဲ့ ထိန်းချုပ်မှုနဲ့ 
နှလုံးသားရဲ့  ကန့် သတ်မှုကြားမှာ
လစ်လပ်ခွင့်ရသွားတဲ့ ငါ့နှလုံးသားဟာ
အလင်းမဲ့ညတွေကို ဖြတ်သန်းရင်း
မျှော်လင့်ချက်ရောင်ခြည်တွေ
ထွန်းလင်းလာမယ့် မနက်ကို......
မန်ယူ..ပွဲ..ကြည့်..ရင်း..
စောင့်နေမယ်
မင်းသော်နီ(မုဒုံ)
ဆုတောင်း
နာကျင်မှုတွေ......
ဆွေးရိ တမ်းတမှုတွေ.....
လောင်ကျွမ်းနေတဲ့ အပြုံးတွေ....
ပေါက်ကွဲဖို့ ပြင်နေတဲ့ ဒဿနတွေ....
ရိုးသားဖို့ ဟန်ဆင်နေတဲ့ မြေခွေးတစ်ကောင်ရဲ့  
မျက်လုံးတွေအောက်မှာ.......
ဟန်ချက်ညီအောင် ထိန်းချုပ်ရင်း
ရွက်..လွှင့်..နိုင်..ပါ..စေ
(တုပ်တုပ်တိုတိုအဟုတ်ဆိုပြီး တိုတိုတုပ်တုပ်တကယ်မလုပ်သော..
သူငယ်ချင်း.....အစိုး(စိုးစိုး) သို့ .....)
မင်းသော်နီ(မုဒုံ)
သွေးရူးသွေးတမ်း
ဇနက ကိုတော့ အားကျမိသား
နို့ ..... မေခလာမှမကယ်.....
သေဖွယ်ရာ မြင်တော့သမို့ 
ရှိပါစေတော့ နှမရယ်
ဆား နဲ့ ပဲ စားလိုက်ပါ့မယ်
မင်းသော်နီ(မုဒုံ)
ဒဏ်ရာ
လူလို့ မထင်
လူလိုမမြင်လည်း........
ကိုယ့်လမ်းကိုယ်လျှေက်နွေအခေါက်ခေါက်ပေါ့
နဖူးက ချွေးတစက်စက်
ဖ၀ါးသွေးအထပ်ထပ်လည်း
ရောက်နိုင်ကောင်းပါရဲ့ .....
အို......ကောင်းမြတ်ခြင်း
မှော်ဝင်ကောက်ကြိုးတစ်ချက်နဲ့
ဝင်သက် ထွက်သက်ညီစေသား.......
 မင်းသော်နီ(မုဒုံ)
ကြောင်နဲ့ ဖူးစာခံရာထူး
ကန့် လန့် ကာတောင် ဆွဲတင်နေပြီ
ချစ်သူ.........
ဖူးစာကို မှန်းနေမှာလား
မြှားနတ်မောင် ကိုပဲ လွမ်းနေဦးမှာလား.......
ငါ ကိုယ်တိုင် ဖူးစာရေးပြီး
ကြောင်နဲ့ ပစ်လို့ ရတယ်..........(မြှားနဲ့ ဆိုသေမှာ)
မှိုချိုးမျှစ်ချိုး ချစ်ရအောင်..............နော်
မင်းသော်နီ(မုဒုံ)
လူနှင့်ဆေးမီးတို
မိုးနဲ့ မြေကြားမှာ လှုပ်ရှားနေရတဲ့ငါ
အဆုံးအစမဲ့ လွတ်မြောက်ချင်လည်း
စကြာဝဋ္ဌာကခံနေတယ် ဒါနဲ့ ပဲ......
ပေါက်ကရတွေးပြီး ပေါက်ကရရေးလိုက်တယ်
ပေါက်ကရတွေပါလို့  ပြောကြတယ်
ပေါက်ကရနေ ပေါက်ကရစားပြီး
ပေါက်ကရနဲ့ မညားချင်တာလဲ
ပေါက်ကရကောင်ရဲ့   ပေါက်ကရဆန္ဒပါလို့ တော့
မပြောချင်ပဲနဲ့ .........ရေး...လိုက်...တယ်
(အိပ်မရလို့  အိပ်ပျော်အောင် ကိုယ့်ကိုယ်ကို
 ချော့သိပ်ရင်း ....၂၀၀၈ ခု၊  ၁၈ ရက်၊ အ လေးလုံးလုပ်ချိန်)
မင်းသော်နီ(မုဒုံ)
စိတ်အတုနှင့်ကခုန်ခြင်း(၁)
ကလပ်အတုနဲ့  လူအတုတွေကြားမှာ
အရက်အတုကို ရေသန့် အတုရောပြီး...
ဂလုလိုက်တယ်
ပျော်ဝင်မှုအတုတွေနဲ့ 
သံစဉ်အတုတွေကြားမှာ.......
 ငါ............အတုဖြစ်သွားတယ်
ဒီလိုနဲ့ ပဲ........ရမ္မက်အတုနဲ့
အချစ်အတုတွေကြားမှာ.....
ကိုးစားမှုအတုတွေနဲ့ ..သာယာလာခဲ့တယ်
စစ်မှန်တဲ့ဒဏ်ရာတစ်ချက်နဲ့
အလွမ်းသက်(၆)သက်သာမရှိခဲ့ဘူးဆိုရင်.....
ငါလေ..............
အတုသာ ဖြစ်.. လိုက်.. ချင်.. တယ်
မင်းသော်နီ (မုဒုံ)
လူလုပ်တဲ့ကျောင်း
ပတ်လုံးရယ်တဲ့သွယ်ပျောင်း
ခွေနွဲ့ ကာ နှောင်းပြန်တော့
တွေးမမြင်..ပြေးခါကြည့်မိတယ်
အို......ဘာတဲ့
လူလုပ်တဲ့ကျောင်း........
 မင်းသော်နီ (မုဒုံ) 
ပန်းသီးအတု
ဝမ်းမြောက်ပေတော့ချစ်သူ
ငါ ..ဧဒင်ဥယျာဉ်ကိုတွေ့ ပြီ
ပန်းသီးကတော့မရှိတော့ဘူးဟာ
(ဘတ်စကိုဒဂါးမား)စားသွားတာထင်တယ်
ဈေး ကပဲဝယ်ပေးမယ်......ဟုတ်ပြီလား
မင်းသော်နီ (မုဒုံ)
©2009 . | by TNB