ဝါသနာမို့ ပါ.....ချစ်သူ


မင်းအကြည့်တစ်ချက်နဲ့ တင်

နှလုံးသားတစ်ခုလုံး

ဆွဲဆုတ်ခံလိုက်ရတဲ့ ငါ.......

ဦးနှောက်ရဲ့ ထိန်းချုပ်မှုနဲ့ 

နှလုံးသားရဲ့  ကန့် သတ်မှုကြားမှာ

လစ်လပ်ခွင့်ရသွားတဲ့ ငါ့နှလုံးသားဟာ

အလင်းမဲ့ညတွေကို ဖြတ်သန်းရင်း

မျှော်လင့်ချက်ရောင်ခြည်တွေ

ထွန်းလင်းလာမယ့် မနက်ကို......

မန်ယူ..ပွဲ..ကြည့်..ရင်း..

စောင့်နေမယ်


မင်းသော်နီ(မုဒုံ)

0 မှတ်ချက်များ:

 
©2009 . | by TNB